Home
မြန်မာသတင်း
ကယား စစ်ရှောင်အမျိုးသမီးများကို သင်ကြားပေးနေသည့် ကွန်ပျူတာသင်တန်းဆင်းပွဲပြုလုပ်
DVB
·
January 28, 2022
272530726_465108012003930_5435504345211035726_n

Clean Yangon က စေတနာ့ဝန်ထမ်းတွေ ဦးဆောင်ပြီး ကယား(ကရင်နီ)ပြည်နယ်က စစ်ရှောင်နေရတဲ့ အရွယ်ရောက်ပြီးသား အမျိုးသမီးလူငယ်တွေအတွက် အခမဲ့သင်ကြားပေးနေတဲ့ ကွန်ပျူတာသင်တန်း အပတ်စဉ် ၁ ကို ဇန်နဝါရီ ၂၇ ရက်နေ့က သင်တန်းဆင်းပွဲပြုလုပ်ခဲ့တာပါ။

ဒေသတွင်းမှာ စစ်ဘေးရှောင်တွေ အတော်များလာပြီး ရွာဘက်မှာလည်း ကလေးတွေက စစ်ဒဏ်ကြောင့် သင်တန်းတွေ သွားတက်ဖို့မလွယ်တဲ့အတွက် အခုလို သင်တန်းပေးဖြစ်တာလို့ သင်တန်းရဲ့ တာဝန်ရှိသူဖြစ်တဲ့ Clean Yangon ကစေတနာ့ဝန်ထမ်းတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

သင်တန်းကို နာမည်ကို  မနက်ဖြန်တွေ အနာဂတ်တွေလှပစေဖို့ ကိုယ်တိုင်ကြိုးစားကြရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “Tomorrow Training Center” လို့ ပေးထားခဲ့တာဖြစ်ပြီး သင်တန်းအတွက်လိုအပ်တဲ့ ကွန်ပျူတာနဲ့ မီးစက်အတွက် ဓာတ်ဆီတွေကိုလည်း အလှူရှင်တွေက လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ 

သင်တန်းကာလမှာ ၂ လကြာမြင့်ပြီး သင်တန်းအပတ်စဉ် ၁ အတွက် သင်တန်းသား ၁၀ ယောက်ကို သင်ကြားပေးခဲ့သလို နောက်ထပ်သင်ကြားမယ့် သင်တန်း အပတ်စဥ် ၂ နဲ့ ၃ မှာတော့ သင်တန်းသားဦးရေ ၁၅ ယောက်ထိ တိုးသွားမှာဖြစ်တယ်လို့သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024