စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က “ကျနော်တို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းဆင်းပွဲကို ဒီကနေ့ပဲ တောတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်။ အဲဒီစစ်သင်တန်းဆင်းပွဲမှာဆိုရင် အမျိုးသမီးရဲဘော်တွေ အများအပြားပါဝင်ခဲ့တယ်။ စစ်သင်တန်းသားလူဦးရေကတော့ အမျိုးသားအမျိုးသမီးစုစုပေါင်း ၃၀၀ နီးပါးရှိပါတယ်”လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ယင်းမာပင်ခရိုင်အတွင်းရှိ တော်လှန်ရေးရဲဘော်အဖွဲ့အချို့နဲ့ မဟာမိတ်ပြုလုပ်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။