Home
မြန်မာသတင်း
စေတုတ္တရာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး၊ ၁၂ ဦးခန့် ဒဏ်ရာရ
DVB
·
January 25, 2022
PRA-Magway
Say Tot TaYar

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်မှာ ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လယ်ကနေ ညနေပိုင်းအထိ PRA (မကွေး) နဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးကာ ၁၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းရွာရဲ့ အနောက်တောင်ဘက် မီတာ ၁၈၀၀ လောက်အကွာမှာ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ PRA(မကွေး)ရဲ့ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီတပ်ဘက်က အင်အား ၇၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာဗျ။ ကျနော်တို့ PRA( မကွေး) တပ်ရင်း(၁)က လက်ဦးမှုရယူပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ အဲဒီနောက်မှာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားပြီး တိုက်ပွဲဖြစ်ပွားချိန် ၄ နာရီလောက်ကြာတယ်။ သူတို့ စစ်ကောင်စီတပ်တွေဘက်က ၆ ယောက်လောက်သေဆုံပြီး ၁၂ ယောက်လောက်ဒဏ်ရာရကာ ဆုတ်ခွာသွားကြတာ။” 

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ပေမယ့် PRA မကွေးဘက်က ရဲဘော်တွေ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားပြီးတဲ့နောက်မှာ ကျည်အိမ်နဲ့ ကျည်ဆန်တစ်ချို့ သိမ်းဆည်းရမိခဲ့တယ်လို့ PRA(မကွေး)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ညနေ ၄ နာရီ ခွဲလောက်မှာ သူတို့ စခန်းချထားတဲ့ သက္ကယ်ကျင်းရွာကို ဆုတ်ခွာခဲ့ကြပြီး အင်းအာစုစောင်းကာ နောက်ထပ်ထိုးစစ်အရှိန်မြှင့်ဖို့ ပြင်ဆင်နေကြကြောင်း သတင်းရထားတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024