စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရွာမိဿရွာအနီး ဇန်နဝါရီ ၂၁ ရက် မနက်က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
စစ်တပ်ဘက်က မူးပေါင်ပေါ်မှ ဆွဲချရသည်အထိဖြစ်ခဲ့ပြီး ပကဖ/ PDF များလည်း ကျဆုံးခဲ့ရတာကြောင့် ဝမ်းနည်းကြေကွဲရပါတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။
တိုက်ပွဲမှာ ဇန်နဝါရီ ၂၁ ရက် မနက် ၇ နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း PDF အဖွဲ့ဝင် ကျား ၇ ယောက် ကျဆုံးခဲ့ပြီး လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ် ၃ လက်၊ ဆိုင်ကယ် ၉ စီး သိမ်းဆည်းခံရတယ်လို့ people media မှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၂၀ ရက်ကလည်း ရေဦးမြို့နယ် ချမ်းသာကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာအနီး စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား အများပြား ထိခိုက်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရေးဦးမြို့နယ်ကကျေးရွာတွေမှာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေကို ယူဆောင်တာတွေပြုလုပ်နေတာကြောင့် ဒေသခံ ထောင်ချီ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။