တနင်္သာရီတိုင်း မြိတ်မြို့ မြစ်ငယ်ရပ်ကွက် ကန်ကြီးရေကန်ဘောင်အနီးနားမှာ ဇန်နဝါရီ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသမီးတစ်ဦး ရွှေဆွဲကြိုးလုယက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအမျိုးသမီးဟာ ကလေးကို ကျူရှင်သွားပို့စဉ် လမ်းမှာ ဆိုင်ကယ်တစ်စီး ပိတ်ရပ်ပြီး လုယက်ခဲ့တာကြောင့် လည်ပင်းမှာ ထိခိုက်ဒဏ်ရာအနည်းရရှိသွားပါတယ်။
လုယက်သွားသူဟာ သက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ပြီး လုခံရတဲ့ ရွှေဆွဲကြိုးဟာ ကာလပေါက်ဈေး ၉ သိန်းနီးပါးရှိကာ လွန်ခဲ့တဲ့ ၁၀ ရက်ဝန်းကျင်ကမှ ဝယ်ထားတာလို့ သိရပါတယ်။
အဆိုပါလုယက်သူနဲ့ပတ်သက်လို့ CCTV မှတ်တမ်းရရှိထားပြီး မြိတ်မြို့မရဲစခန်းမှာ တိုင်ကြားသွားမယ်လို့လဲ ကာယကံရှင်က ပြောပါတယ်။