မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်အခွန်ရုံးတို့မှာ ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက လက်လုပ်မိုင်းနဲ့ ပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
လမ်း ၁၃၀ လမ်း၊ ၅၅ လမ်း နဲ့ ၅၆ ကြားရှိ (ဆ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ နေ့လယ် ၁ နာရီခွဲလောက်က ရုံးအတွင်း လက်လုပ်မိုင်းနဲ့ ပစ်ခံခဲ့ရပြီး ရုံးဝင်းထဲကျကာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ပြည်ကြီးတံခွန်မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန ရုံးမှာလည်း နေ့လယ် ၃ နာရီလောက်က လက်လုပ်မိုင်းနဲ့ ပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ အနီးနားနေ ပြည်သူတချို့ ပြောပါတယ်။
(ဆ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ပြည်ကြီးတံခွန်မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနရုံး တို့မှာဖြစ်ခဲ့တဲ့ အဆိုပါပေါက်ကွဲမှုတွေမှာ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။