မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇန်နဝါရီလကစပြီး အမည်မသိအဖွဲ့တဖွဲ့က မြို့နေပြည်သူတွေဆီကို ခြိမ်းခြောက်စာတွေပေးပို့ပြီး ငွေတောင်းခံမှုတွေရှိနေတဲ့အပြင် ငွေမပေးပါက နေအိမ်တွေကို မီးကွင်းတွေနဲ့ ပစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
"ကျောက်ကုန်သည်တွေဆီကနေ တောင်းတာ၊ တိုးတိုးတိတ်တိတ်တောင်းနေတာကြာပြီ၊ ခုက အရမ်းလွန်လာပြီ၊ မီးကွင်းတွေပါ ပစ်တာ "လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုပါတယ်။
မိုးကုတ်မြို့ခံ ပြည်သူတွေနေအိမ်တွေကို အမည်မသိအဖွဲ့က ငွေတောင်းခံစာတွေပေးပို့ပြီး စာအတွင်းပါတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ညှိနှိုင်းခိုင်းတာဖြစ်ပြီး ညှိနှိုင်းခြင်းမရှိတဲ့အိမ်ကို မီးကွင်းတွေပါ လာပစ်သွားတာလို့ သိရပါတယ်။
"တောင်းနေတာတော့ ၁၅ ရက်လောက်ရှိနေပြီ၊ အဆင်ပြေတယ်လို့ထင်တဲ့အိမ်တွေကို တောင်းတာများတယ်၊ ဘယ်အဖွဲ့ကတောင်းနေတာလဲဆိုတာကိုမသိရဘူး"လို့ ဒေသခံတစ်ဦးက ဆ ပြောပါတယ်။
လက်ရှိ ဇန်နဝါရီ ၁၇ ရက်အထိ စာပို့ပြီး ငွေတောင်းခံရတဲ့ နေအိမ် ၁၀ အိမ်ခန့် ရှိနေပြီပြီး အိမ်ဝင်း တံခါးတချို့လည်း မီးရှို့ခံထားရတယ်လို့ သိရပါတယ်။
ဘယ်အဖွဲ့က စာတွေပေးပို့ပြီး တောင်းနေတယ်ဆိုတာကိုမသိရသေးဘဲ မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းက အိမ်တွေကိုပါ တောင်းခံနေတာဖြစ်ပါတယ်။