Home
မြန်မာသတင်း
ရေးမြို့ ဂက်စ်ပိုက်လိုင်း မိုင်းခွဲဖျက်ဆီးခံရ
DVB
·
January 16, 2022
271872370_232886525672786_5320409774382407077_n
Yay Helicopter

‌မွန်ပြည်နယ်၊ ရေးမြို့နယ် နှင်းစုံရွာအနီးနားက ဂက်စ်ပိုက်လိုင်းတခုကို ဇန်နဝါရီ ၁၆ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီကျော်အချိန်က မိုင်း ၂ လုံးခွဲလိုက်တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

‌‌ဂက်စ်ပိုက်လိုင်း မိုင်းခွဲခံရတဲ့အတွက် ပျက်စီးမှုရဲ့ အခြေအနေကိုတော့ မသိရှိရသေးဘဲ အဓိက စစ်ကောင်စီရဲ့ ဝင်ငွေစီးဆင်းမှုတွေ ရပ်တန့်သွားအောင် အခုလို အဝေးကနေ ခလုတ်နှိပ်ပြီး မိုင်းခွဲဖျက်ဆီးခဲ့တာလို့  ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

ဂက်စ်ပိုက်လိုင်း မိုင်းခွဲခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က  အနီးအနား ပတ်ဝန်းကျင်တွေကို ရဟတ်ယာဉ်နဲ့ ပျံဝဲနေပြီး စစ်ဆင်ရေးတွေ လှုပ်ရှားလာနိုင်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ရေး PDF မှ စစ်ကောင်စီရဲ့ ၀င်ငွေစီးဆင်းမှုတွေ မလည်ပတ်နိုင်အောင် ဆက်သွယ်ရေး Mytel တာဝါတိုင်တွေ ၅ ခု၊ မြေအောက်ဆက်သွယ်ရေးလိုင်းတွေနဲ့ အခု ကံပေါက်ကနေ မွန်ပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ဂက်စ်ပိုက်လိုင်းကို ထပ်မံဖျက်ဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024