Home
မြန်မာသတင်း
မတ္တရာမြို့နယ် ကောက်ရိုးပုံကျေးရွာက ‌နေအိမ်နှစ်လုံး ထပ်မံမီးရှို့ခံရ
DVB
·
January 14, 2022
511224-271901627_1621137944917629_1509808300787662978_n-730x365
511223-271863370_1621138008250956_5395827820786378984_n-730x365
511222-271823518_1621138058250951_5603899674317656219_n-730x365
511221-271812539_1621138224917601_9220864139174725119_n-730x365
511221-271812539_1621138224917601_9220864139174725119_n-730x365 (1)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကောက်ရိုးပုံကျေးရွာက နေအိမ်တချို့ကို စစ်ကောင်စီတပ်တွေက မီးထပ်ရှို့ခဲ့တယ်လို့ မတ္တရာမြို့ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၁၀ နာရီခွဲလောက် နေအိမ်တစ်လုံးကို မီးရှို့ခဲ့ပြီး ည‌ ၁၂ နာရီကျော်မှာ နောက်ထပ်နေအိမ်တစ်လုံးကို မီးထပ်ရှို့ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မီးရှို့ခံရတဲ့နေအိမ်တွေဟာ NLD ပါတီထောက်ခံသူတွေရဲ့ နေအိမ်တွေ ဖြစ်တယ်လို့လည်း သိရပြီး ကောက်ရိုးပုံ ကျေးရွာနေပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျေးရွာက စစ်ကောင်စီအားပေး ဒလန်တစ်ဦးရဲ့ နေအိမ် မီးရှို့ခံခဲ့ရပြီးတဲ့နောက် ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကျေးရွာနေအိမ် လေးလုံးကို စစ်ကောင်စီဘက်က မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လယ်ပိုင်း ကောက်ရိုးပုံကျေးရွာနေ ဒလန်ဆိုပြီး ကျော်ဇောသူ ၃ ဦး သတ်ဖြတ်ခံခဲ့ရတဲ့အတွက် ကျေးရွာနေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်တွေက မီးထပ်ရှို့ခဲ့တာလည်း ဖြစ်ပါတယ်။

photo- ယခင်ရက်က မီးရှို့ခံခဲ့ရသောပုံများ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024