Home
မြန်မာသတင်း
မတ္တရာမြို့နယ် ကောက်ရိုးပုံကျေးရွာ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့
DVB
·
January 13, 2022
271901627_1621137944917629_1509808300787662978_n
271863370_1621138008250956_5395827820786378984_n
271823518_1621138058250951_5603899674317656219_n
271812539_1621138224917601_9220864139174725119_n

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကောက်ရိုးပုံကျေးရွာက နေအိမ်တချို့ကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့နယ် မြွေတလိုင်းရွာကနေ တဆင့် ကောက်ရိုးပုံရွာအထိတက်ခဲ့ကြပြီး ကောက်ရိုးပုံရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနေ့ညနေ နေဝင်ချိန်မှာ သေနတ်နဲ့ အချက် ၂၀ လောက် ပစ်ဖောက်ခဲ့ကြပြီး ည ၂ နာရီ နောက်ပိုင်းမှာ နေအိမ်သုံးလုံးကိုမီးရှို့ခဲ့ပြီး အခြားနေအိမ် တစ်လုံးကိုပါ ကူးစက်ကာ လေးလုံး လောင်ကျွမ်းပြာကျသွားတယ်လို့ သိရပါတယ်။

"၁၀ ရက်နေ့လောက်ကတော့ ဒလန်အိမ်ကိုတော့ မီးလောင်ထားတာတော့ရှိတယ်။ အဲ့ဒါကလည်း ဘယ်အဖွဲ့အစည်းက ရှို့တာရယ်လို့ ကျနော်တို့လည်း မသိဘူး။ အဲ့ဒါနဲ့ချိတ်ဆက်ပြီးတော့ သူတို့လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့၊ တိတိကျကျတော့ ကျနော်တို့လည်း မသိဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့ညပိုင်းက ကောက်ရိုးပုံကျေးရွာမှာ PDF တွေကို ရိုင်းစိုင်းစွာဆဲဆိုစိန်ခေါ်ခဲ့တဲ့ စစ်ကောင်စီသတင်းပေး တိုးဆောင်ရဲ့ နေအိမ် မီးရှို့ခံခဲ့ရပြီး ဘယ်အဖွဲ့က ရှို့မှန်း မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အိမ်တွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်တွေကတော့ မနက်‌ငါးနာရီလောက်ကတည်းက ရွာကနေ ထွက်ခွာသွားပြီး မြွေပုံကန်ရွာ ဘုန်းကြီးကျောင်းမှာ ဒီကနေ့ နေ့လယ်ထိ တပ်စွဲနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ CJ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024