Home
သတင်းဓာတ်ပုံ
စစ်အာဏာရှင်ဆန့်ကျင် နယ်လှည့်သပိတ်ကို PDF အစောင့်အရှောက်ဖြင့်ပြုလုပ် (ဓာတ်ပုံ)
DVB
·
January 12, 2022
271608549_4648076241907324_2568659855953727653_n
271484440_4648076308573984_2580157800476823283_n
271140201_4648076455240636_4830662235043605725_n
270553661_4648076211907327_6805768107973743027_n
270458481_4648076435240638_948396851874382519_n
270034019_4648076321907316_1751654331068419269_n

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ ဇန်နဝါရီ ၁၂ ရက် ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင် သပိတ်စစ်ကြောင်းကို PDF အစောင့်အရှောက်နဲ့ သွားရောက်ပူးပေါင်းဆင်နွှဲ့ခဲ့ပါတယ်။

သပိတ်တာဝန်ရှိသူတစ်ဦးက “ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာအစုံကို လှည့်လည်ဟောပြောသွားမှာပါ။ နောက်ထပ်မြို့နယ်တွေ၊ တိုင်းဒေကြီးတွေကိုလည်း အနှံ့လိုက်ပြီး လှည့်လည်ဟောပြောဖို့လည်း စီစဉ်ထားပါတယ်။ ပြည်သူတွေကို တော်လှန်ရေးနဲ့ အလှမ်းမဝေးရလေအောင်၊ တော်လှန်ရေးအသိတွေကို အင်တာနက်အခက်အခဲဖြစ်ပြီး အွန်လိုင်းနဲ့ ထိတွေ့မှုနည်းပါးတဲ့လူထုကို အသိပညာဖြန့်ဝေပေးချင်တာဖြစ်လို့ နယ်လှည့်သပိတ်တွေကို လုပ်ဆောင်တာဖြစ်တယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

တော်လှန်ရေးကာလ အချိန်တစ်ခုရောက်လာတာနဲ့အမျှ တော်လှန်ခုခံပုံအမျိုးမျိုး ပြောင်းလဲသွားခဲ့ပေမယ့် လက်နက်ကိုင်တော်လှန်ရေးနဲ့အတူ အခုလို သပိတ်တိုက်ပွဲတွေလည်း ဆက်လက်အားကောင်းနေဖို့လိုတယ်လို့ သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။

‌လက်နက်ကိုင်တော်လှန်ရေးနဲ့ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်တာနဲ့ ပြည်သူတွေရဲ့  ပူးပေါင်းဆောင်ရွက်မှုတွေဟာ တော်လှန်ရေးရေချိန်ကို ပိုမိုအရှိန်ကောင်းလာစေတယ်လို့လည်း ဆိုပါတယ်။ 

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေရဲ့ နယ်လှည့် တရားဟော သပိတ်ဟာ ဒီကနေ့ ယင်းမာပင်ခရိုင်အတွင်းမှာ  ၄ ရက်မြောက်နေ့အဖြစ် ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024