ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့ရှိ မြို့နယ်လဝက ရုံးမှာ ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ ည ၇ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ လူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
လဝကရုံးအနီးတွင် နေထိုင်သူတစ်ဦးက “လဝကရုံးမှာ ဗုံးပေါက်ကွဲတာပါ။ ည ၇ နာရီဝန်ကျင်က ဖြစ်သွားတာ၊ လူကြီးတယောက်နဲ့ ကလေး တယောက်ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာအခြေ အနေကိုတော့ မသိရသေးဘူး”လို့ ပြောပါတယ်။
တာချီလိတ်မြိုမှာ စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ရောက်ရှိနေချိန် ဇန်နဝါရီ ၈ ရက်နဲ့ ၉ ရက်နေ့တွေတုန်းကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒီနေ့နဲ့ဆိုရင် ၃ ရက်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။