Home
မြန်မာသတင်း
ဆွမ်ပရာဘွမ်တွင် ပူတာအိုခရိုင် PDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား
DVB
·
January 9, 2022
271190076_453279956520069_923492363907258542_n

ပူတာအိုအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ တပ်ရင်းအမှတ် ခလရ ၁၃၇၊ ၁၃၈ နဲ့ ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက ဆွမ်ပရာဘွမ် မြို့နယ် ခင်ဒူကားကျေးရွာနဲ့ ဖုန်ကျန်းကျေးရွာအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

အဆိုပါကျေးရွာတွေဘက်ကို အင်အား ၆၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း ထိုးလာစဉ် အခုလို တိုက်ပွဲဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။  

တိုက်ပွဲဖြစ်စဉ်အတွင်းမှာ ပူတာအို PDF တပ်ဖွဲ့အနေနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ မရှိခဲ့ပေမဲ့ စစ်ကောင်စီဘက်ကနေ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရရှိမှုတွေ ရှိနိုင်တယ်လို့ ပူတာအို PDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူရှိတာကြောင့် ပြန်လည်ဆုတ်ခွာ သွားတယ်လို့လည်း ပူတာအို PDF တပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ 

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီဇင်ဘာ ၂၉ ရက်မှာလည်း Putao PDF နဲ့ KIA တို့ ပူးပေါင်းပြီး ပူတာအိုမြို့နယ် ခင်ဒူယာန်ကျေးရွာနဲ့ အင်ဆိုင်းယာန်ကျေးရွာကြားမှာ ဖုန်ကြမ်းဘက်ကနေ တက်လာတဲ့ တပ်အင်အား ၆၀ လောက်ပါယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က အကျဆုံးရှိခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024