မွန်ပြည်နယ်၊ ရေးမြို့ကနေ မော်လမြိုင်ဘက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို ဇန်နဝါရီ ၆ ရက်မနက်မှာ ရေး PDF မြောက်ပိုင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကားတန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် မနက် ၈ နာရီခွဲလောက်ကလည်း အဆိုပါ ရေး-မော်လမြိုင် သွားကားလမ်းမှာ စစ်ကောင်စီစစ်ယာဉ်တန်းကို ရေးမြို့နယ် လိမ္မော်ခြံကျေးရွာနဲ့ အောင်သပြေကျေးရွာနားမှာ ရေး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ ရေး PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
ရေး - မော်လမြိုင်သွားကားလမ်း မပေါ်မှာ ရေး PDF နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏထိတွေ့ ပစ်ခတ်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းမထုတ်ပြန်သလို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။