စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တရားရုံးမှာ ဇန်နဝါရီ ၅ ရက်က ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
"မနေ့ ၂ နာရီ လောက်ယင်းမာပင်ခရိုင်တရားကို ဗုံးပေါက်ကွဲမှု ပြုလုပ်တယ်။ အဲဒီမှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦး သေတယ်။ ဗုံးဖောက်ပြီး မီးဝင်ရှို့တယ်။ မီးတော်တော်နဲ့မလောင်ဘူး ဒီအချိန်မှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး အပြန်အလှန်ပစ်ခတ်တယ်။ မြောက်ယမား PDF တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရတယ်” လို့ မြောက်ယမား PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ယင်းမာပင် ခရိုင်တရားရုံးကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဆားလင်းကြီး တကိုယ်ဝောာ် သုဘရာဇာပူးပေါင်းပြီး ပြုလုပ်ခဲ့တာလို့ အတည်ပြုပြောပါတယ်။