မွန်ပြည်နယ် ရေးမြို့နယ်က မီတာခနှုန်းထား ကောက်ခံတာ များပြားနေတာကြောင့် ၀င်ငွေနည်း လက်လုပ်လက်စား မိသားစုတွေမှာ ပိုပြီး ခက်ခဲနေကြပါတယ်။ ကျမတို့လို လက်လုပ်လက်စားက စားဖို့ ဝတ်ဖို့လည်းရှိသေးတယ်၊ မီးက မဖြစ်မနေ သုံးရပြန်တော့ မီတာခလည်း သုံးများတဲ့လတွေဆို မီတာခ ဆောင်ရဖို့အရေး မနည်းငွေရှာပြီး ပေးသွင်းနေရပါတယ်။
ပြည်သူတွေ အကျပ်တည်းဖြစ်နေတဲ့ကာလမှာ အခုလို ၇၇၀ ကျပ်သာ ဆက်ပြီး ကောက်ခံနေရင် ၀င်ငွေနည်းတဲ့ မိသားစုတွေဆို အလုပ်ကလည်း မရှိပြန်၊ ကုန်စျေးနှုန်းကလည်း ကြီးပြန်တော့ ပိုပြီး အကျပ်ရိုက်စေတာကြောင့် ရေးမြို့ ပေါ်ရပ်ကွက် ၉ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၁၁ ရွာလောက်ကို လျှပ်စစ်မီး ဖြန့်ဖြူးပေးနေတဲ့ ပုဂ္ဂလိ ကုမ္ပဏီအနေနဲ့ မီတာခတွေ ဒီထက် ပိုလျှော့ပေးဖို့ ဒီဗွီဘီကတဆင့် တင်ပြ တောင်းဆိုလိုက်ရပါတယ်။
ရေးမြို့နေ အိမ်ရှင်မတဦး