စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နှစ်သစ်ကူးညက ဖမ်းဆီးခံရသူ ၆ ဦးအနက် ဇာတ်မင်းသား ကိုအာကာဖြိုးကို စစ်တပ်က စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ပြီး မိသားစုကို ဇန်နဝါရီ ၂ ရက်ညပိုင်း အလောင်းလာထုတ်ခိုင်းခဲ့တယ်လို့ မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ကိုအာကာဖြိုးအပါအဝင် လူငယ် ၆ ဦး ဖမ်းဆီးခံရတယ်။ ကိုအာကာဖြိုးကို မနေ့က ညနေပိုင်း စစ်တပ်ကမိ သားစုဝင်တွေကို အလောင်းလာထုတ်ဖို့အကြောင်းလာတယ်။”
ဇာတ်မင်းသား အသက်မွေးဝမ်းကျောင်းနဲ့ လုပ်ကိုင်နေသူ ကိုအာကာဖြိုးဟာ ဖမ်းဆီးခံရပြီး ၂ ရက် အကြာမှာ ကျဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကကတော့ ကိုအာကာဖြိုးကို လက်နက်တွေနဲ့အတူ နှစ်သစ်ကူးညက ဖမ်းဆီး ရမိခဲ့လို့ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၁၃၉၃ ဦး ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ထားပါတယ်။