Home
မြန်မာသတင်း
ပခုက္ကူမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နုတ်ထွက်
DVB
·
December 30, 2021
270753687_2735263966775047_6365079361284018777_n

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ  စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှစ်ဦး နှစ်ရက်ဆက်တိုက် သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် ရက်ကွက်အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်လာကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီခန့် ပခုက္ကူမြို့ မြို့သစ်ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးတင်လှိုင် နဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းမှာ  အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုးသင်းတို့ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုးသင်းကို ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီလောက် ပခုက္ကူမြို့ ယာယီစျေးထဲမှာ စျေးဝယ်နေတဲ့အချိန် ပခုက္ကူ-GZ တပ်ဖွဲ့က သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခဲ့တာလို့ အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ် တိုက်ဂါးက ပြောပါတယ်။

“အဲဒီအမျိုးသမီးက စစ်အုပ်စုတွေ အာဏာစသိမ်းကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ ပြည်သတွေကို ဖမ်းဆီးတိုင်းမှာ သူအမြဲတမ်းပါတယ်ဗျ။ ညတိုင်းလိုလို စစ်ကောင်စီတပ်တွေနဲ့ မြို့ဝင်မြို့ထွက်ဂိတ်တွေနဲ့ ​တစ်မြို့လုံးကို ပတ်ပြီးတော့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနေတာကြောင့် သုတ်သင်လိုက်ရတာ။”

ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်သတ်ခံရပြီးနောက် ဒီဇင်ဘာ ၂၉ ရက်နေ့ညနေပိုင်းမှာတော့ ပခုက္ကူမြိုရဲ့ ကျွဲတဲအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ အမှတ် ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်သန်းနဲ့  အမှတ် ၁၁ အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်တို့ နုတ်ထွက်စာတင်ခဲ့ကြပြီး အမှတ် ၇ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ဆွေကတော့ ဒီဇင်ဘာ ၂၁ ရက်နေ့ကတည်းက အုပ်ချုပ်ရေးလုပ်ငန်းစဉ်ကို မလုပ်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “မနေ့ (ဒီဇင်ဘာ ၂၈)က ရွှေတန်းတစ်သွားတဲ့လမ်းက မြို့သစ်က အုပ်ကြီးတစ်ယောက် အတိုနဲ့ ပစ်ခံရတယ်။ ဒီနေ့ (ဒီဇင်ဘာ ၂၉) မှာ အုပ်ကြီးက အမျိုးသမီး၊ ယာယီဈေးနားမှာ ပစ်သတ်ခံရတာ။ နေ့လယ်ပိုင်းလောက်က ၃ ချက်မှန်တာ။ မှောက်လျားထိုးကြီး တော်တော်ကြာတဲ့အထိ လာကောက်မယ့်သူမရှိဘူး။ အခု ညနေပိုင်းကျတော့ အုပ်ကြီးတွေ နုတ်ထွက်စာတွေ တင်လာကြတယ်။ တော်တော်များများတော့ ကျန်သေးတယ်” လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးအချို့ အသတ်ခံရပြီး နုတ်ထွက်နေကြတဲ့အပေါ် ပခုက္ကူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးရုံးကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နုတ်ထွက်ကြဖို့ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှိုးဆော်ထားပြီး လအနည်းငယ်အကြာမှာ အုပ်ချုပ်ရေးမှူးတွေ ပစ်သတ်ခံလာရတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024