Home
မြန်မာသတင်း
မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်
DVB
·
December 23, 2021
269977215_2731323933835717_7630938356668132341_n

မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ အမှုလိုက်ပါအကျိုးဆောင်ပေးနေတဲ့ ရှေ့နေဆီကနေ သိရပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာကို စလင်းမြို့နယ် သရက်ကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေး အောင်ပွဲ အခမ်းနားကို တက်ရောက်ရာမှာ ကိုဗစ် စည်းကမ်တွေကို ဖောက်ဖျက်တယ်ဆိုပြီး စလင်းမြို့နယ်တရားရုံးမှာ မကွေးတိုင်းလဝက ဦးစီအရာရှိ ဦးသိန်းနိုင်ဦးက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုပြီး စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်က ပြောပါတယ်။

“အဲဒီအမှုက ပထမ သတင်းပေးတိုင်ချက်နဲ့ ထွက်ဆိုချက်တွေ ကွဲလွဲနေတဲဗျ။ သူတို့စွဲထားတာက ၂၀၂၀ စက်တင်ဘာလ ၂၈ ရက်နေ့က သရက်ကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေး အခမ်းအနားဆိုပြီး စွပ်စွဲထားတာ။ တကယ်တမ်းစစ်ဆေးပေါ်ပေါက်တာက သရက်ကုန်းကျေးရွာမှာ စာသင်ကျောင်းဆောင်တည်ဆောက်ဖို့အတွက် ကိုဗစ်စည်းမျည်းစည်းကမ်းနဲ့အညီ ပန္နက်ချခဲ့တာလို့ ချေပထားတယ်။”

အဲဒီကျေးရွာဘက်နဲ့ စလင်မြို့နယ်ကို ကိုဗစ်-၁၉ စည်းကမ်း တင်းကြပ်ချမှတ်ထားတဲ့ ကာလလည်း မဟုတ်သလို အခမ်းအနားပြီးတော့လည်း အဲဒီရွာမှာ ကိုဗစ်ရောဂါဖြစ်ပွားတာလည်းမရှိခဲ့ဘဲ ဓာတ်ပုံသက်သေတွေအရ တစ်ယောက်နဲ့ တစ်ယောက် ၆ ပေ အကွာကနေ ပန္နက်ချနေတဲ့ ပုံတွေပဲ တွေ့ရတယ်လို့ ဆိုပါတယ်။

ဦးတာကတော့ ဒီအမှုမှာ ပြစ်ဒဏ်မချဘူးလို့ ထင်ထားပေမယ့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တဲ့ အတွက် ကျေနပ်မှုမရှိတာကြောင့် ခရိုင်တရားရုံးကို အယူခံဆက်တက်သွားမယ်လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေဥပဒေနဲ့ အမှု ၈ မှုဖွင့်ပြီးတော့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024