Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များထံ အကူအညီများ အရေးပေါ်ရောက်ရှိရန် လိုအပ်နေဟု ကုလ ပြော
DVB
·
December 22, 2021
268805072_1531473997223737_4987906941289267097_n

မြန်မာနိုင်ငံက ဒုက္ခသည်တွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ    အရေးပေါ်ရောက်ရှိဖို့ လိုအပ်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောရေး ဆိုခွင့်ရှိသူ ဖာရန်ဟတ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပဋိပက္ခ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ‌ကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေပြီး ဒီ့အတွက် ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွက် စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း  ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြားတိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်းနဲ့  မကြာသေးခင်က တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့  မြန်မာနိုင်ငံ အရှေ့မြောက်ဘက် မင်းတပ်မြို့နယ်ကို သွားလာခွင့် မရှိခြင်းအတွက်လည်း အထူးစိုးရိမ်စရာအခြေအနေရှိတယ်လို့ ပြောပါတယ်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟောင်း မစ္စခရစ္စတင်းရှရာနာ ဘာဂီနာရဲ့ရုံးခန်းကို ဆက်ဖွင့်ခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီ ပြန်ကြားရေးက ဒီဇင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ထားပါတယ်။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024