Home
မြန်မာသတင်း
ကော့ကရိတ် အာရှလမ်းတွင် ကေအန်ယူနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
DVB
·
December 21, 2021
Asia Road Kawt Ka Reik 2
Asia Road Kawt Ka Reik 1

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၁ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KNLA ၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်  မော်တော်ယာဥ်တွေဖြတ်သန်းသွားလာခွင့် ခေတ္တရပ်နားထားခဲ့ရတယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက “၁၁ နာရီလောက်ကစပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားရတယ်။  အခုတော့ ကားတွေ ဖြတ်သန်း သွားလာလို့ရနေပြီ” လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ကော့နွဲ့ကျေးရွာအနီး ယာဉ်သွားလာမှု ခေတ္တရပ်နားထားရာက မွန်းတဲ့ ၁၂ နာရီလောက်မှာ ယာဉ်ဖြတ်သန်းသွားလာလို့ရခဲ့တယ်လို့ ကုန်တင်ယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။

ဒီဇင်ဘာ ၂၀ ရက် နေ့လယ်ကလည်း အာရှလမ်းမကြီးအနီး  တောနော်ရေတံခွန်မှာ နယ်မြေဖြတ်ကျော်ပြီး ခြေလျင်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့  KNLA တပ်မဟာ ၆ လက်အောက်ခံတပ်ရင်း  ၁၈၊ တပ်ရင်း ၂၇ တို့နဲ့  ထိပ် တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဒုတပ်ရင်းမှူးအပါအဝင် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024