စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) အမှုအတွက် ဒီဇင်ဘာ ၂၀ ရက် ဒီကနေ့ မုံရွာအကျဉ်းထောင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို သူတာဝန်ယူစဉ်က စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေကြေးရယူခဲ့တယ်လို့စွပ်စွဲပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ လည်း စစ်ကောင်စီက အမှုဖွင့်လှစ်ထားပါတယ်။
အလားတူ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုလည်း စစ်ကောင်စီက စွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) အမှုအတွက် အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။