Home
မြန်မာသတင်း
သာယာဝတီမြို့နယ်တွင် ဒေသခံပြည်သူ ၃ ဦးဖမ်းဆီးခံရ
DVB
·
December 17, 2021
268876642_1238383839988957_1673643762040407784_n

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အိပ်လဟာကျေးရွာအုပ်စုက ကျောင်းကုန်းကျေးရွာနဲ အင်းပုံညာကျေးရွာက ဒေသခံပြည်သူ ၃ ဦးကို ဒီဇင်ဘာ ၁၆ ရက်နေ့ည ၁၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက နေအိမ်တွေကနေ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ည ၁၁ ခွဲလောက်က ရွာ ၂ ရွာက ၃ ယောက်လုံးအိမ်ကို တချိန်တည်း ဝင်ဖမ်းတာ စခ၊ ရခ အင်အား ၃၀ လောက်ရှိမယ်။ ဦးစိုးလွင်၊ ဦးစိုးကြီးနဲ့ နောက်တယောက်ဆိုတော့ ၃ ယောက်ပါသွားတယ်” လို့ ပြောပါတယ်။

အဆိုပါဖမ်းဆီးခံရသူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးပါတီဝင်တွေဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပေမယ့် သီးခြားအတည်ပြုနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

“ရိုက်နှက်ပြီးဖမ်းသွားတာ မြင်ရတာစိတ်မချမ်းသာစရာပဲ။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး။ ဘယ်ကိုဖမ်းသွားတယ်ဆိုတာလည်း စုံစမ်းတုန်းပဲ။ မိသားစုဝင်တွေ အရမ်းစိတ်သောကရောက်နေကြရတယ်” လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကျောင်းကုန်းကျေးရွာနဲ အင်းပုံညာကျေးရွာက ဒေသခံပြည်သူ ၃ ဦးကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး သုံးဆယ်မြို့၊ မြို့မရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

ဒီဇင်ဘာ ၉ ရက်ညက အင်းပုံကျေးရွာကို အမည်မသိအဖွဲ့တဖွဲ့လာရောက်ပြီး အင်းပုံညာကျေးရွာ အ.မ.က မူလတန်းကျောင်းမှာ စစ်ကျွန်ပညာရေး စနစ်အလိုမရှိကြောင်း စာတွေကပ်တာတွေအပြင်၊ ရွာလမ်းတွေပေါ်မှာပါ ကြဲသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024