မန္တလေးတိုင်း မိုးကုတ်မြို့က မင်းတံတားရပ်ကွက် ရေပူလမ်းခွဲမှာ ဒီဇင်ဘာ ၁၄ ရက်နေ့မနက်ပိုင်းက ဆိုင်ကယ်စီးလာသူ လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
“မနက်က စစ်သားတွေက စစ်နေတာ၊ ကြိုစောင့်နေတဲ့သဘောပဲ။ ဆိုင်ကယ်နဲ့လူ ၂ ယောက်လာတော့ လိုက်ဖမ်းတာ၊ ဟိုကလည်း အဖမ်းမခံဘဲ ဗုံးပစ်ပြေးတာ” လို့ အနီးအနားမြင်တွေ့သူတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်နဲ့ လူ ၂ ဦးက အဖမ်းမခံဘဲ ဗူံးပစ်ပြေးတာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် အနီးအနားမှာရှိတဲ့ ဝပ်ရှော့က မှန်တွေကွဲသွားခဲ့ကြောင်း၊ လူငယ် ၂ ဦးကိုတော့ ဖမ်းဆီးမိခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။