စစစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြို့မရဲစခန်းကို ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မွန်းတည့် ၁၂ နာရီလောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
"ရေဦး မြို့မစခန်းကို ဗုံး ၆ လုံးနဲ့ ကျနော်တို့ ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခဲ့တယ်။ ရဲတွေထိခိုက်တာတွေရှိနိုင်တယ်၊ အတိအကျတော့ မသိရဘူး။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိခိုက်မှုမရှိဘဲ ဆုတ်ခွာခဲ့တယ်” လို့ ရေဦးပြည်သူ့ကာကွယ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုကြောင့် လိုင်းခန်းတခုနဲ့ ဆိုင်ကယ်တစ်စီး မီးလောင်သွားပြီး ရဲတွေ ရမ်းသမ်း ပစ်ခတ်တာကြောင့် ၁၀ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး
ရေဦးမြို့မရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက ရေဦးမြို့ လမ်းမတွေမှာ တင်းကျပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။