ကနီမြို့နယ်၊ ချင်တွင်းမြစ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ အမြန်မော်တော်ရေယာဉ်တစ်စီး ဒီဇင်ဘာ ၁၃ ရက်နေ့က မဲဒင်ကျေးရွာဆိပ်ကမ်းအနီး နစ်မြုပ်နေတယ်လို့ မျက်မြင်သူတွေက ပြောပါတယ်။
အဆိုပါနစ်မြုပ်နေတဲ့ စစ်ကောင်စီ အမြန်ရေယာဉ်ကို ဒီဇင်ဘာ ၁၂ ရက်နေ့က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရေမြုပ်မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဒေသတွင်း ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
“ဟုတ်ပါတယ်၊ မဲဒင်ရွာနားက ကျွန်းခုံအနီးမှာ စမြုပ်နေပြီ၊ လုံးဝ မြုပ်သွားမယ့် အခြေအနေပါ။ အခုမြုပ်နေတာက ကျောက်စိမ်းတွေ တင်လာတဲ့ သင်္ဘောအုပ်စုထဲက လုံခြုံရေးသင်္ဘောပါ။ အခု အဲဒီမော်တော်ယာဉ်ကို ဘေးတဘက်တချက်ကနေ မော်တော်နှစ်စီးနဲ့ တွဲထားတယ်"လို့ ဒေခံပြည်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဒီဇင်ဘာ ၉ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန် တိုက်ပွဲများပြန်ထန်နေပြီး စစ်ကောင်စီဘက်က အကျအဆုံး အထိအခိုက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားဖို့ရာ နှစ်ဘက်တင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ဆီကနေ သိရပါတယ်။