စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တမာတန်းမီးပွိုင့်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
"ဒီမနက်အုံးဆိုပြီး အသံကြားလိုက်တယ်။ တမာတန်းမီးပွိုင့်မှာ ပြည်သူနှစ်ဦး မှောက်နေတာ တွေ့တယ်။ ပြီးတော့ ပစ်သံလည်း ကြားတယ်။ ခဏအကြာတော့ လူနာတင်ကား လာခေါ်သွားတာ။ တစ်ယောက်ကတော့ အဲ့နေရာမှာပဲ ဆုံးသွားပြီး တစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာရတယ်”လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။
နိုင်ငံတဝန်း ငြိမ်သက်ခြင်းသပိတ် (Silent Strike) မှာ ပြုလုပ်နေကြပြီး မုံရွာမြို့မှာလည်း ဈေးမဖွင့်၊ ဆိုင်မဖွင့်၊ အပြင်မထွက်ဘဲ သပိတ်မှာ ပါဝင်ခဲ့ကြပါတယ်။