Home
မြန်မာသတင်း
ရေး-မော်လမြိုင် ကားလမ်းတွင် စစ်ကောင်စီယာဉ်တစီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၉ ဦး သေဆုံး
DVB
·
December 7, 2021
263181049_207354544892651_6975186144448703742_n

ရေးမြို့နယ်ကနေ သံဖြူဇရပ်ဘက်ကို ဦးတည်မောင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား ၁ စီးကို ရေး-မော်လမြိုင်သွားကားလမ်း  လိမ္မော်ခြံကျေးရွာနဲ့ အောင်သပြေကျေးရွာကြားမှာ ဒီဇင်ဘာ ၇ ရက်နေ့  မနက် ၈ နာရီခွဲလောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေး PDF က ပြောပါတယ်။

ရေးမြို့နယ် အောင်သုခ ဇရပ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၉ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီတပ်က လူမဆန်စွာ သတ်ဖြတ်တဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရေး-မော်လမြိုင်သွားကားလမ်းမပေါ်မှာ ရေး PDF နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏထိတွေ့ ပစ်ခတ်မှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၉ နာရီလောက်ကလည်း ရေးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ နယ်မြေမှာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားဖြစ်ပြီး  စစ်ကောင်စီဘက်က  ၃ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024