စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့်ရဲကင်း ဒီဇင်ဘာ ၅ ရက် ညနေပိုင်းမှာ ပစ်ခတ်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် တယောက် သေဆုံးသွားပါတယ်။
မျက်မြင်ဒေသခံတယောက်က "အခု ညနေ ၅ နာရီလောက် လူငယ်နှစ်ယောက်လာပြီး မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူထားတဲ့ ရဲကင်းကိုသေနတ်နဲ့ တရစပ်ပစ်သွားတာ၊ ရဲတယောက်သေတယ်၊ ကားပေါ်တင်သွားတာတွေ့တယ်၊ လိုက်တော့ပစ်တယ်၊ ပစ်တဲ့ကောင်လေးတွေ ဘေးကင်းတယ်" လို့ ပြောပါတယ်။
ပစ်ခတ်ခံရမှုကြောင့် မုံရွာစီးပွားရေးဘဏ်စောင့် ရဲတပ်သား သေဆုံးခဲ့ပြီး ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
ရန်ကုန်မှာ ဆန္ဒပြလူငယ်တွေကို စစ်ကောင်စီတပ်က ကားနဲ့ဝင်တိုက်၊ ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးဒဏ်ရာရခဲ့တဲ့အပေါ် လက်တုံ့ပြန်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ မြန်မာ့စီးပွားရေးဘဏ်ရှေ့မြင်ကွင်း