Home
မြန်မာသတင်း
သထုံမြို့နယ် လဝကရုံး ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
December 3, 2021
257979223_1758893891108205_7842536733634430857_n

မွန်ပြည်နယ်၊ သထုံမြို့နယ် လဝကရုံးမှာ ဒီဇင်ဘာ ၃ ရက် ဒီနေ့ ညနေ ၄ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဆိုင်ကယ် ၃ စီးနဲ့ လဝကရုံးတံခါးတချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက် ဒဏ်ရာရတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လဝကရုံးကို ဗုံးခွဲတိုက်ခိုက်တာ သူတို့ လက်ချက် ဖြစ်တယ်လို့ မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ပါတယ်။

အခုလို ဗုံးခွဲတိုက်ခိုက်ရတာဟာ စစ်ကောင်စီရဲ့ ငွေကြေးစီးဝင်မှုကို ဖြတ်တောက်တဲ့ အနေနဲ့ လုပ်ဆောင်တာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို ရှောင်ကြဉ်ပေးကြဖို့  မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

သထုံမြို့နယ် လဝကရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက သထုံမြို့လယ်နဲ့  မြို့အဝင်အထွက်တွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးနေသလို ဆိုင်ကယ်တွေကိုလည်း စစ်ဆေးနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

သထုံမြို့မှာ မနေ့ ဒီဇင်ဘာ ၂ ရက် ညပိုင်းကလည်း မြို့လယ်ကောင်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်  ထိခိုက်ဒဏ်ရာ ရရှိထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024