ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီဇင်ဘာ ၁ ရက် ညပိုင်းက ဒေသခံ လူငယ် ၄ ယောက်ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ ခွန်သာတပ်ကလေးရပ်ကွက်မှာနေထိုင်တဲ့ ကိုမျိုးမင်းကို၊ ဖိုးပြား ၊ ရှောကလေး နဲ့ အမည်မသိ လူငယ်တယောက်တို့ကို PDFနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
"ည ၁၁ နာရီလောက်မှာ အိမ်ကနေ လာဖမ်းသွားတာ။ PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး လာဖမ်းသွားတယ်လို့တော့ သိရတယ်။ သူတို့ PDF နဲ့ အဆက်အသွယ်ရှိ၊ မရှိတော့ ကျနော်လည်း သေချာမသိဘူး "လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
အဆိုပါ လူငယ်လေးယောက်ကို စစ်ကောင်စီတပ်က လက်ရှိ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာတော့ မသိရသေးပါဘူး။