Home
မြန်မာသတင်း
ညောင်လေးပင်ခရိုင်တွင် KNU က စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးနှင့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းပေး
DVB
·
December 1, 2021
261163651_986936105499996_1933046025510417640_n
262917825_986936065500000_262703817643650013_n
262231991_986936015500005_2133421634080654898_n
262021005_986936145499992_2285691646006665964_n
261993052_986935972166676_9053834737631752457_n
261699089_986935935500013_304125679800817491_n

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)  တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်မှာ စားနပ်ရိက္ခာ ဘေးကင်းလုံခြုံဖို့နဲ့ ဖူလုံဖို့ ခရိုင်အဆင့် မြေယာစီမံခန့်ခွဲမှုနဲ့ မြေယာအသုံးချမှုဆိုင်ရာ ရက်တိုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

သင်တန်းကို နိုဝင်ဘာ ၂၉ ရက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တိုင်းရင်းသားဒေသခံပြည်သူတွေ စားဝတ်နေရေးဖူလုံစေဖို့၊ စားနပ်ရိက္ခာလုံခြုံမှုရှိစေဖို့နဲ့ သဘာဝနဲ့ပြုလုပ်တဲ့ စိုက်ပျိုးရေးနည်းပညာတွေ ရရှိစေ ရည်ရွယ်ဖွင့်လှစ်ခဲ့တာလို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာန၊ ဒုတာဝန်ခံ ပဒိုစောဟဲဂေက “ပထမအဆင့်အနေနဲ့ ကေအန်ယူရဲ့မြေယာမူဝါဒဆိုင်ရာ ကိစ္စတွေကို သင်ပေးမယ်။ ဒုတိယအဆင့်အနေနဲ့ သဘာဝမြေဩဇာ၊ ပိုးသတ်ဆေး၊ အသီးအားဆေး၊ အပင်အားဆေးတွေ သဘာဝနဲ့ လုပ်တဲ့အရာတွေကို စာတွေ့ လက်တွေ့သင်ကြားပေးသွားမယ်။ သူတို့စားတဲ့ဟာတွေ အဆိပ်အတောက်တွေ မဖြစ်အောင် စားနပ်ရိက္ခာ လုံခြုံမှု၊ စားနပ်ရိက္ခာ ဖူလုံမှု ဆိုတဲ့ဟာတွေကို အခြေခံပြီးသင်ကြားပေးမှာဖြစ်တယ်”လို့ ဆိုပါတယ်။

သင်တန်းတက်ရောက်နေတဲ့ သင်တန်းသားတစ်ဦးက “သင်တန်းက သင်ကြားတဲ့ စိုက်ပျိုးရေးနဲ့ပတ်သက်တာတွေက ကျနော်တို့ ဒေသခံတိုင်းရင်းသားတွေအတွက် အလွန်အကျိုးရှိတယ်။ ဒါအပြင် ကေအန်ယူမြေယာမူဝါဒဆိုင်ရာ ကိစ္စတွေက ဌာနေတိုင်းရင်းသားတွေအတွက် ကာကွယ်မှု ဘယ်လောက်ပေးထားတယ်ဆိုတာ လက်တွေ့ သိရတော့တယ်”လို့ ဆိုပါတယ်။

သင်တန်းကို ခရိုင်အဆင့်၊ မြို့နယ်အဆင့်တွေအပြင် ကျေးရွာအဆင့်ထိ တိုးချဲ့ကာ စာတွေ့လက်တွေ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါသင်တန်းကို ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ဦးဆောင်ကာ Partner လူမှုအဖွဲ့နဲ့ ပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၂၁ ယောက် တက်ရောက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024