Home
မြန်မာသတင်း
မတ္တရာမြို့နယ်တွင် သံဃာတော် ၂၆ ပါး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
November 30, 2021
262428092_1939590939535110_7748085271646543197_n

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မတ္တရာမြို့ရှိ ဇေယျာသနကျောင်းတိုက်မှာ သံဃာတော် ၂၆ ပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့  လူမှုကူညီရေးအသင်း ကနေ သိရပါတယ်။

ခရီးသွားလာရာကနေ တစ်ဆင့် ရောဂါကူးစက်တာ ဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်အထိ  ထိစပ်သူ ၆၇ ဦးကို စစ်ဆေးရာ သံဃာ  ၂၆ ပါး မှာ ရောဂါတွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ကူးစက်ခံရသူတွေက  သံဃာတော်တွေ။ အခုတော့ ကျောင်းတိုက်ကို အသွားအလာကန့်သတ်ထားတယ်။ မြို့နယ် ကျန်းမာရေးအဖွဲ့ကတော့ ဘာမှ ညွှန်ကြားတာမရှိဘူး။” လို့ မတ္တရာမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

အခုရက်ပိုင်းအတွင် နေရာတော်တော်များများမှာ ကိုဗစ်ရောဂါဖြစ်ပွါးမှု ပြန်လည်တိုးနေပြီး သေဆုံးတာတွေလည်း ရှိနေပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့က မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါ ကုသဆောင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီး တက်ရောက် ဆေးကုသမှုခံယူနေသူ အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013