Home
သတင်းဓာတ်ပုံ
ဖရူဆိုမြို့နယ်တွင် ဖဲကြိုးဖြူလှုပ်ရှားမှုပြုလုပ် (ဓာတ်ပုံ)
DVB
·
November 27, 2021
261274124_627024441786078_7252266156651475725_n
261690368_202087948766828_7323467465527701754_n
261450566_987313972128664_3212340102082231315_n
261423401_670572547441425_4518933983166094431_n
261726194_449216379923693_3307802934681066721_n
261157650_412451207252077_3423829492827525564_n
261698727_962942054572349_6296152668211003835_n
261173390_304617738335433_3987590475390739319_n
261478533_1034338414080218_4610055301513724905_n

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာမှာ နိုဝင်ဘာ ၂၇ ရက် ဒီနေ့မနက်က အမျိုးသမီးများပေါ် အကြမ်းဖက်မှုပျောက်ရေး ဖဲကြိုးဖြူလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

“ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထအမြစ်ဖြတ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်” ဆောင်ပုဒ်နဲ့ အမျိုးသမီးတွေအတွက်အမျိုးသမီးဖောင်ဒေးရှင်း (WWF)နဲ့ ကရင်နီ အမျိုးသမီးအစည်းအရုံး (KNWO)တို့ပူးပေါင်းပြီး ဖဲကြိုးဖြူလှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဖဲကြိုးဖြူ လှုပ်ရှားမှုမှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေ၊ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေလည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။ 

အဆိုပါ လှုပ်ရှားမှုအတွင်း  ဖဲကြိုးဖြူလှုပ်ရှားမှုအကြောင်းကို  ပညာပေးဟောပြောတာ၊ အမေးအဖြေကဏ္ဍများပြုလုပ်တာ၊ တိုက်ပွဲတွေအတွင်း အိုးအိမ်စွန့်ခွာနေကြတဲ့ စစ်ရှောင်အမျိုးသမီးတွေရဲ့ အခက်ခဲတွေကို ရင်ဖွင့်ပြောပြတာ အပြင် ပြဇာတ်ကတာတွေလည်း ထည့်သွင်းပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အတွင်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို ကမ္ဘာ့တဝန်း နိုင်ငံအသီးသီးမှာ ကျင်းပနေကြတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024