Home
မြန်မာသတင်း
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါကို ဂျပန်ရောက် မြန်မာများဆန္ဒပြ
DVB
·
November 26, 2021
261508365_10227366656090111_1714966126741924771_n
260707303_10227366657210139_567053948634662150_n
260287497_10227366657450145_7728266865706588998_n
259799800_10227366659530197_7198727609723687164_n
259758183_10227366658410169_2744201065521808205_n
248589923_10227366656810129_4103825433989098912_n
248385265_10227366655770103_6158220275416133192_n

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့သွားရောက်တွေ့ဆုံခဲ့တဲ့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါကို တိုကျိုမြို့၊ ချီအိုဒမှာရှိတဲ့ သူ့ရဲ့ရုံးရှေ့မှာ ဂျပန်နိုင်ငံရောက်မြန်မာတွေနဲ့  မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်နိုင်ငံသားတွေက စုပေါင်းပြီး  နိုဝင်ဘာ၂၅ ရက်က ဆန္ဒပြခဲ့ကြပါတယ်။

မစ္စတာ ဆာဆာကာဝါဟာ ဂျပန်အစိုးရနဲ့ နိုင်ငံတကာက အသိအမှတ်မပြုတဲ့ကြားက နိုဝင်ဘာလ ၁၂ ရက်မှာ မြန်မာနိုင်ငံကို သွားရောက်ကာ နေပြည်တော်မှာ အာဏာသိမ်းစစ် ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာဟာ ပွင့်လင်းရိုးသားမှုမရှိလို့ အခုလို လာရောက်ဆန္ဒပြတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုသန့်ဇော်ထက်က ပြောပါတယ်။

ဆန္ဒပြသူတွေက မစ္စတာ ဆာဆာကာဝါနဲ့တွေ့ခွင့်တောင်းရာမှာ မြန်မာပြည်အတူသွားခဲ့တဲ့ ရုံးတာဝန်ခံပုဂ္ဂိုလ်တဦးနဲ့ တွေ့ဆုံပြောဆိုခွင့်ရပြီး မြန်မာပြည်ခရီးစဉ်အကြောင်းကို မြန်မာ့အရေးလှုပ်ရှားနေတဲ့ ဂျပန်လွှတ်တော်အမတ်တွေ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေရှေ့မှာ ပွင့်ပွင့်လင်းလင်း ရှင်းပြဖို့တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့  မသိရီသစ္စာက ပြောပါတယ်။

နီပွန်ဖောင်ဒေးရှင်းဟာ မြန်မာစစ်တပ်ကို နှစ်စဉ် ဂျပန်ကာကွယ်ရေးတပ်မတော်မှာ ခေါ်ယူသင်ကြား ပေးနေတဲ့ အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေတဲ့အတွက်   နီပွန်ဖောင်ဒေးရှင်းအနေနဲ့ အကြမ်းဖက်စစ်တပ်ကို  တာဝန်ခံမှု တာဝန်ယူမှုရှိရမယ်လို့လည်း ကိုသန့်ဇော်ထက်က  ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ ပထမဆုံးခရီးစဉ်မှာ မစ္စတာ ဆာဆာကာဝါဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့  တွေ့ဆုံခွင့်မရခဲ့ပါဘူး။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024