Home
မြန်မာသတင်း
ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်က စျေးသည် ၁ ဦးထံမှ ငွေလုယက်သွား
DVB
·
November 25, 2021
260732829_119778960508529_2184647460895811492_n

မကွေးတိုင်း၊  ရေစကြိုမြို့နယ်မှာ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဒေသခံ စျေးသည်တစ်ယောက်ဆီကနေ  ငွေကျပ် ၄၀၀၀၀ လုယူသွားတယ်လို့ မျက်မြင် ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းမှာ စခန်းစောင့် သောက်စားမူးယစ်နေတဲ့  စစ်တပ်က မနေ့ ညနေ ၄ နာရီလောက်မှာ စျေးရောင်းပြီး ပြန်လာတဲ့ သုံးဘီးစျေးသည်တစ်ယောက်ကို  စစ်ဆေးကာ ငွေ ကျပ် ၄၀၀၀၀ လုယူခဲ့သွားတယ်လို့ မျက်မြင်တွေရှိတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ စျေးရောင်းပြီးပြန်လာတဲ့ သုံးဘီးတစီးကို ရပ်ခိုင်းပြီး စစ်ဆေးတယ်။ ဈေးရောင်းပြီးပြန်လာတာလို့ ပြန်ဖြေတော့ ပိုက်ဆံအိတ်ပြပါဆိုပြီး အတင်းလုယူကာ ငွေလေးသောင်းကျပ်ကို အဓမ္မ လုယူသွားကြတယ်။”

ပခန်းငယ် ရဲကင်းစခန်းဟာ နိုဝင်ဘာ  ၁၃ ရက်က ရေစကြိုPDF အပါအဝင် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ ဖျက်ဆီးခဲ့တဲ့ ရဲကင်းစခန်းတစ်ခု ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရဲနဲ့စစ်တပ်တွေဟာ ပြည်သူလူထုကို အနိုင်ထက်စီးနင်းပြုလုပ်ပြီး ငွေးကြေးနဲ့ ပစ္စည်းတွေကို လုယူတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာစတဲ့  စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ကျူးလွန်နေကြတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024