ပဲခူးတိုင်း ပဲခူးမြို့ ပုဏ္ဏားစု ၁၂ လမ်းနေရာမှာ ဆိုင်ကယ် ၄ စီးနဲ့ လှည့်ကင်းဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၂၄ ရက်နေ့ ည ၇ နာရီခွဲလောက် ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူး BDF ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပဲခူး BDF နဲ့ ပဲခူး BGF ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆိုင်ကယ်လည်း ရေမြောင်းထဲ ပြုတ်ကျပျက်စီးသွားပြီး ထိခိုက်သေဆုံးသူလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း ပဲခူးမြို့ ပုဏ္ဏားစု (၁၄) လမ်းအနောက်ဘက်လမ်းထိပ်မှာ လှည့်ကင်းဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF တွေက ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူး BDF နှင့် မဟာမိတ်အဖွဲ့တွေဟာ အာဏာရှင်ရဲ့ လက်ပါးစေမှန်သမျှ တိုက်ခိုက်ချေးမှုန်းသွားမှာဖြစ်ပြီး အာဏာရှင်ရဲ့ လက်အောက်ကနေ အမြန်ဆုံး ထွက်ခွာပေးကြဖို့နဲ့ ပြည်သူ့ဘက်က ရပ်တည်သွားကြဖို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပြင်းထန်စွာ သတိပေးထားပါတယ်။