မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာနဲ့ အောင်သာယာကျေးရွာအကြားမှာ နို၀င်ဘာ ၂၄ ရက် ဒီ ညနေ ၃ နာရီ မိနစ် ၄၀ လောက်က Black Lighting PDF တပ်နဲ့ စစ်ကောင်စီတပ်တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၄ ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိပြီးနောက် နယ်မြေခံ ၁၀၆ တပ်ရင်းက ကနင်ကမော့ ကျေးရွာဘက်သို့ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်မှာ ရန်ကုန် -မော်လမြိုင်-ရေး -ထားဝယ် လမ်းရှိ ခရီးသွားကားတွေ လမ်းမှာ ပိတ်ဆို့ရပ်တန့်နေရတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
ရေး-သံဖြူဇရပ်ကားလမ်းမှာ ပစ်ခတ်မှုတွေရဲ့ အခြေနေကို ရေး PDF နဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။