စစ်ကိုင်းတိုင်း မုံရွာ- မန္တလေးလမ်းမကြီးပေါ် မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာတံတားအနီး နိုဝင်ဘာ ၂၄ ရက်နေ့ မနက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
“ဒီမနက် ၈ နာရီလောက် မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာအနီး ဗုံးပေါက်ကွဲခဲ့တယ်။ ပေါက်ကွဲပြီး စစ်ကောင်စီတပ်တွေရောက်လာပြီး အနီးအနားမှာ သေနတ်တွေပစ်ခတ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုမုံရွာ-မန္တလေး ကားလမ်းပေါ်ဗုံးပေါက်ကွဲမှုကြောင့် ကားတွေပိတ်မိ ရပ်နားထားပြီး အခြေအနေကို စောင့်နေတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။
မြင်းမူ PDF တပ်ဖွဲ့ကလည်း နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းစပြီး မုံရွာ-မန္တလေးကားလမ်းကို သွားလာခြင်းမပြုဘဲ သွားလာခဲ့ပါကလည်း ရောက်တဲ့နေရာမှာ ကား ရပ်ထားကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။