Home
မြန်မာသတင်း
မြောင်မြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီက မီးရှို့၊ ရွာသား ၁၃၀၀ ကျော်ထွက်ပြေးနေရ
DVB
·
November 24, 2021
260343615_574795556929973_9196090204133936315_n

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းက ကျောက်တန်းအနောက်ရွာနဲ့ ရွှေတချောင်း ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်တွေက ဒီနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ မနက် ၈ နာရီအချိန်လောက် က မီးရှို့တာတွေ လုပ်ဆောင်နေတာကြောင့် ကျေးရွာသား ၁၃၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနက်ခင်းအစောကြီးကတည်းက စစ်ကြောင်းဖြန့်ဝင်လာတယ်။ ရွာဝင်မယ်ဆိုရင် ဒီကောင်တွေက လက်နက်ကြီးတွေ ပစ်ဝင်လာကြတယ်ဗျ။ ရွာသားတွေလည်း ရုန်းရင်းဆန်ခတ် ပြေးလွှားနေရတယ်။ ကျနော်တို့ အခုရွာသားတွေကို ဘေးလွတ်ရာကို သယ်ထုတ်နေရတယ်။ သူတို့ မီးရှို့တဲ့ အိမ်ကတော့ ဘယ်လောက်ဆိုတာကိုတော့ လက်ရှိအချိန်မှာ အတည်မပြုနိူင်သေးဘူး။ အခုမှ ဖြစ်တုန်းရှိသေးတယ်။ အဝေးကပဲကြည့်နေရတာဗျ” လို့ မြောင်မြို့နယ် စစ်ဘေးရှောင်ကူညီ ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတလူငယ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက  မြောင်မြို့နယ်အတွင်း နိုဝင်ဘာလတစ်လတည်း အခုလိုအပြစ်မဲ့ ကျေးရွာသားတွေ နေအိမ်တွေကို မီးရှို့တာဟာ ၁၀ ကြိမ်ထက်မနည်းရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024