ပဲခူးမြို့၊ ပုဏ္ဏားစု ၁၄ လမ်းအနောက်ဘက်လမ်းထိပ်မှာ နိုဝင်ဘာ ၂၂ ရက် ည ၇ နာရီ မိနစ် ၅၀ လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးတွေပူးပေါင်း လှည့်ကင်းဆောင်ရွက်နေချိန် ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BDF က ပြောပါတယ်။
အဆိုပါ ဗုံးဖေါက်ခွဲမှုကို ပဲခူးBDF နဲ့ပဲခူး BGF ညီနောင်မဟာမိတ်အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိနိုင်တယ်လို့လည်း ပဲခူး BDF က ပြောပါတယ်။
အခု ဖြစ်စဉ်နဲ့ ပက်သက်ပြီး စစ်ကောင်စီ ဘက်က ထိခိုက်ဒဏ်ရာတာ ရှိမရှိ မသိရသေးပါဘူး။ ဗုံးဖေါက်ခွဲခဲ့တဲ့ နေရာအနီးအနားဝန်းကျင်မှာတော့ စစ်ကောင်စီတပ်တွေက စစ်ဆေးနေပါတယ်။
စစ်အာဏာရှင်ရဲ့ လက်ပါးစေမှန်သမျှ တိုက်ခိုက်ချေးမှုန်းသွားမှာဖြစ်ပြီး အာဏာရှင်ရဲ့ လက်အောက်ကနေ အမြန်ဆုံး ထွက်ခွာ ပြည်သူ့ဘက်က ရပ်တည်သွားဖို့ ပဲခူး BDF နဲ့ မဟာမိတ်အဖွဲ့တွေက စစ်ကောင်စီရဲ့ အပေါင်းပါတွေကို သတိပေးထုတ်ပြန်ထားပါတယ်။