စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာနဲ့ နတ်ခရိုင်ကျေးရွာအကြား အမှတ် (၃) အထည်စက်ရုံ (စစ်ကိုင်း)အနီးမှာ နိုဝင်ဘာ ၂၂ ရက် ဒီနေ့ ညနေ ၅ နာရီလောက်က စစ်ကောင်စီကခန့်ထားတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့ ယာဉ်တန်းဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ဦးမြတ်ကျော်ရဲ့ ယာဉ်တန်းကို ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်က အပြန်မှာ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က မိုင်း ၁၀ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရ အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်ကလည်း စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်လိုက်ပါလာတဲ့ ယာဉ်တန်းကို ကလေးဝ PDF က ကလေးမြို့နယ် ယုဇန ကျေးရွာနားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီခန့် ကရင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ စောမြင့်ဦး လိုက်ပါလာတဲ့ ယာဥ်တန်းဟာလည်း နိုဝင်ဘာ ၂၁ ရက်က ဘားအံ-လှိုင်းဘွဲ ကားမကြီး၊ ရေပူ(မောကို)လမ်းခွဲနားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။