စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၁၇ ဒီနေ့ မွန်းလွဲပိုင်းမှာ ကလေး PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခဲ့တယ်လို့သိရပါတယ်။
“အခု နေ့လယ် ၂ နာရီလောက် ကလေးမြို့၊ တာဟန်းရပ်ကွက်နေ ကြားလမ်းမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီတပ်သား ၂ ဦး သေတယ်” လို့ ကလေး PDFအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုအပြီးမှာ အထက (၂) အထက်တန်း ကျောင်းလမ်းကို စစ်ကောင်စီတပ်တွေက ပိတ်ထားပါတယ်။
နိုဝင်ဘာ ၁၆ ရက်ကလည်း ကလေးမြို့ တာဟန်းရပ်ကွက်ရှိ ရဲစခန်းကို ကလေး PDF က ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။