မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့က လျှပ်စစ်ရုံးထဲမှာ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက ဗုံးတလုံး ပေါက်ကွဲပြီး ရုံးရဲ့ အစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒီကနေ့မနက် ၇ နာရီကျော်လောက်က ကျောက်ပန်တောင်း ၂၁-ပြောက်ကျား တပ်ဖွဲ့ကဦးဆောင်ပြီး အဝေးထိန်း ဗုံးတစ်လုံး ဖောက်ခွဲရာ ရုံးအစိတ်ပိုင်းတစ်ချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ကျောက်ပန်းတောင်း 21-ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ပထမဆုံးစီစဥ်တာက EPC က လူကြီးတွေနဲ့ ဝန်ထမ်းတွေစုဝေးတဲ့အချိန်မှာ ဖောက်ခွဲဖို့ စီစဥ်ခဲ့တာပါ။ ဒါပေမဲ့ သန့်ရှင်းရေးဝန်ထမ်းတွေ တွေ့သွားပြီးတော့ စစ်ကောင်စီကိုခေါ်ပြီး ရှင်းခိုင်းမယ့် အခြေနေမို့ ဒီအတိုင်းဖောက်ခွဲလိုက်ရပြီး ရုံးအစိတ်ပိုင်းတစ်ချို့ ပျက်စီးသွားတယ်။”
ဒီဖောက်ခွဲမှုကို KPG Complex UG တပ်ဖွဲ့နဲ့ ဗိဿနိုး PDF တို့က နည်းပညာပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်ပန်းတောင်း EPC အနေနဲ့ ပြည်သူလူထုကို ဆန့်ကျင်ပြီးတော့ မီတာခ ကောက်ခံတာတွေ မီးဖြတ်တောက်တာတွေပြုလုပ်နေတာကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော့ နောက်နောင်မှာ ဒါမျိုးဆက်လုပ်နေရင်တော့ လားပင်စင်ပေးသွားမယ်လို့ပြောပါတယ်။
ပြည်သူလူထုကို ဆန့်ကျင်ကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးပြုလုပ်နေသူတွေနဲ့ သတင်းပေး ဒလန်တွေအနေနဲ့ မိမိတို့ အသက်ခန္ဓာအတွက် အသိသတိကပ်ပြီးတော့ ရုန်းထွက်ကြဖို့ ကိုလည်း သတိပေးထားပါတယ်။