Home
မြန်မာသတင်း
တန့်ဆည် ကျွဲဆွဲမောင်းတံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ စစ်သား ၆ ဦးထက်မနည်း သေဆုံး
DVB
·
November 16, 2021
257802408_1249354278874289_694205090004868867_n

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ တန့်ဆည်-ရေဦးလမ်းပိုင်း ရွှေတောင်တန်း ပန့်ဆီဆိုင်ရှေ့ ကျွဲဆွဲမောင်းတံစစ်ဆေးရေးဂိတ်မှာ စစ်ဆေးရေးလုပ်နေကြတဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၅ ရက် ညနေ ၃ နာရီလောက် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေး ငွေညစ်တာတွေ လုပ်နေတာ အဲလိုစစ်ဆေးနေတုန်း  မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်သား  ၆ ယောက်ထက်မနည်းသေဆုံး ဒဏ်ရာရသူတွေလည်း များတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တန့်ဆည်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က ပြုလုပ်ခဲ့တာလို့သိရပြီး အထိအခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်တွေကို အရှိန်တိုးမြှင့်ထပ်မံတိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ မလိုလားအပ်ဘဲ လမ်းပေါ်ထွက်တာ အချိန်မတော်သွားလာတာတွေ ရှောင်ရှားကြဖို့လည်း တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထူး ပန်ကြားထားပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်အပြီး သေဆုံးဒဏ်ရာရ စစ်သားတွေကို  မုံရွာစစ်ဆေးရုံကို လူနာတင်ယာဉ်တွေနဲ့ တင်ဆောင်သွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024