Home
မြန်မာသတင်း
တရုတ်အထူးကိုယ်စားလှယ် စွန်းဂေါ်ရှန်းနှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး
DVB
·
November 16, 2021
257563364_600820177792831_1472376384670736772_n
257771852_183225317342936_1864956609198321297_n

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့  နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

တွေ့ဆုံရာမှာ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊  မြန်မာနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဆက်ဆံရေး၊ တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ရဲ့ ဆက်ဆံရေး အခြေအနေ၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုနဲ့ တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးနေမှု အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ပြီးနောက် ဒုတိယအကြိမ် လာရောက် စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး အဆိုပါတွေ့ဆုံမှုနဲ့ ပတ်သက်လို့ တရုတ်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပထမအကြိမ် မြန်မာခရီးစဉ်မှာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းဟာ   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။  

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အခုသီတင်းပတ်အတွင်းမှာ တရုတ်အထူးကိုယ်စားလှယ်နဲ့ သာမက မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါနဲ့ရော အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်နဲ့ပါ ဆက်တိုက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo -DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024