စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်း ၁၀ နာရီလောက် စစ်ကောင်စီတပ်ဖွဲ့တွေ ကျောက်ခဲတက်ကျေးရွာဘက်ကနေ လမ်းမကြီးအတိုင်းမဟုတ်ဘဲ လမ်းကြိုလမ်းကြားတွေနေ ချီတက်လာစဉ် အသင့်ထောင်ထားတဲ့ မိုင်း နဲ့ဆွဲ တိုက်ခိုက်ခဲ့တာလို့ PDF ခေါင်းဆောင်က ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝရုန်းသုန်းကားဖြစ်ပြီး နောက်ပြန်ဆုတ်ပြေးကြစဥ် ဒေသခံ PDF အဖွဲ့က လိုက်လံပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟေ စစ်ယူနီဖောင်းတွေဝတ်ဆင်ပြီး လာတာမဟုတ်ဘဲ အားကစား ဘောင်းဘီပုံစံတွေ ဝတ်ဆင်လာကြကာ အင်အား ၈၀ ဝန်းကျင်လောက် ရှိတယ်လို့ သိရပါတယ်။