Home
မြန်မာသတင်း
ရန်ကုန်တိုင်း ၉ မြို့နယ်၌ ရေ ၂ ရက်ခန့် ပြတ်တောက်နိုင်
DVB
·
November 12, 2021
151181566_1197010637383314_2549662511883780004_n

ရန်ကုန်တိုင်းထဲက မြို့နယ် ၉ ခုမှာ လာမယ့် နိုဝင်ဘာ ၁၄ ရက်မှ  ၁၆ ရက် အထိ ရေ ၂ ရက်နီးပါး ပြတ်တောက်နိုင်တာမို့ ရေကြိုတင်စုဆောင်းထားကြဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာထားပါတယ်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု) လက်အောက်က ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)ကနေ ရန်ကုန်မြို့တွင်းမြို့နယ်တွေကို ရေပေးဝေနေတာဖြစ်ပြီး လတ်တလောမှာတော့ ဒုတိယအဆင့် ရေတွန်းစက်ရုံက ရေတွန်းစက်တွေရပ်ကာ ပြုပြင်စရာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီပြုပြင်မှုဟာ ခန့်မှန်းခြေ နာရီ ၄၀ လောက် ကြာနိုင်တာမို့ အဆိုပါ ရေသန့်စင်စက်ရုံက နေ ရေပေးဝေနေတဲ့ မြောက်ဉက္ကလာ၊ ရွှေပေါက္ကံ၊ တောင်ဉက္ကလာ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့ သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့ သစ်(အရှေ့ပိုင်း)၊ ဒေါပုံ၊ တာမွေ(မေတ္တာညွန့်ရပ်ကွက်)မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တွေက ရပ်ကွက်တွေမှာ ရေအားလျော့နည်းတာ၊ ခေတ္တရေအားပြတ် တောက်တာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။

Photo-YCDCWS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024