မန္တလေး တိုင်းမိုးကုတ်မြို့ ကျောက်ဖားရပ်ကွက်က စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးကြီးဖြူ နိုဝင်ဘာ ၁၂ ရက်နေ့ မနက် ၆ နာရီမှာ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။
“သေနတ်နဲ့ ပစ်ခံလိုက်ရတယ်ပဲ ကြားတယ်။ ခုကဆေးရုံမှာ၊ ဘယ်သူမှသွားကြည့်လို့မရဘူး၊ အရမ်းစစ်ဆေးတာ၊ သေပြီလို့လည်း ပြောကြတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့ ကျောက်ဖားရပ်ကွက်ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးကြီးဖြူဟာ ပတ်ဝန်းကျင်က စစ်ကောင်စီ သတင်းပေးဒလန်လို့ သတ်မှတ်ခံထားရသူ တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၁ ရက်နေ့ နေ့ခင်းပိုင်းကလည်း ရေဦးကြီးအထက်တန်းကျောင်းမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်တွေ အဝေးထိန်းမှိုင်းနဲ့ ဖောက်ခွဲခံရတာကြောင့် စစ်ကောင်စီတပ်က ၃ ဦးသေဆုံးမှုရှိခဲ့တာကြောင့် ရပ်ကွက်အတွင်းမှာ လိုက်လံဆဲဆိုမှုတွေရှိခဲ့ပြီး ဒီနေ့မှာလည်း အစစ်ဆေးတွေ တင်းကျပ်နေတယ်လို့ သိရပါတယ်။