ပဲခူးတိုင်း ပြည်မြို့နယ်မှာ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက ရဲကင်းစခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ အရာရှိတစ်ယောက် ဒဏ်ရာရရှိသွားတယ်လို့ ပဲခူးတိုင်း PDFက ထုတ်ပြန်ပါတယ်။
ပြည်မြို့နယ် မှော်ဇာမြို့မအုပ်ချုပ်ရေးမှူးရုံးက ရဲကင်းစခန်းကို ဒီကနေ့မနက် ၃ နာရီလောက်က ပြည်မြို့နယ် PDG တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးပြီး အရာရှိတစ်ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ ပြည်မြို့နယ် PDF တပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံး ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အသီးသီးအနေနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပစ်မှတ်တွေကို အခုထက်ပိုပြီးတော့ အရှိန်မြှင့်ပြီး တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။